Health Article

အဆုတ်ကင်ဆာကိုစောစီးသောအဆင့်တွင်တွေ့ရှိပါကအောင်မြင်စွာကုသနိုင်ပါတယ်

Share:

ကင်ဆာဖြင့်သေဆုံးမှုအများဆုံးထဲတွင် ၁.၆၉ သိန်းဖြင့် အဆုတ်ကင်ဆာသည် အဖြစ်အများဆုံးဖြစ်ကြောင်း WHO ၏စာရင်းဇယားများအရသိရှိရပါသည်။

အဆုတ်ကင်ဆာသည်ပုံမှန်မဟုတ်သောဆဲလ်များအလျင်အမြန်ကြီးထွားလာခြင်းဖြစ်သည်။ထို့ကြီးထွားလာသောဆဲလ်များသည်အဆုတ်၏လုပ်ငန်းဆောင်တာများကိုနှောက်ယှက်၍တခြားသောကိုယ်ခန္ဒာအစိတ်အပိုင်းများသို့ပြန့်နှံ့နိုင်ပါသည်။ကင်ဆာအဆင့်သတ်မှတ်ချက်သည်ကင်ဆာအမျိုးအစားပေါ်မူတည်ပါသည်။

အဆုတ်ကင်ဆာတွင် Small Cell Lung Cancer (SCLC) and Non-Small Cell Lung Cancer (NSCLC) ဟု၍၂မျိုးရှိပါသည်။

Non-Small Cell Lung Cancer (NSCLC) သည်အဓိကတွေ့ရတတ်သောကင်ဆာဖြစ်၍ ၈၅%ကနေ ၉၀%ထိရှိပါသည်။SCLC ထက်ပြန့်နှံနှုန်းနွေးကွေးပါသည်။

Small Cell Lung Cancer (SCLC) သည် ၁၀%မှ ၁၅% သာတွေ့သောကင်ဆာဖြစ်သော်လည်းNSCLC ထက်ပြန့်နှံနှုန်းလျင်မြန်ပါသည်
ကင်ဆာဖြစ်နိုင်သောအကြောင်းအရာများ
ဆေးလိပ်သောက်ခြင်း
လေထုညစ်ညမ်းခြင်း
မျိုးရိုးလိုက်ခြင်း
အသက်အရွယ်
ရောဂါလက္ခဏာများ
ကြာရှည်ချောင်းဆိုးခြင်း
ချောင်းဆိုးသွေးပါခြင်း
ချောင်းဆိုးလျှင်သလိပ်ပါခြင်း
နာတာရှည်အဖျားဝင်ခြင်း
အသံသြလာခြင်း
အသက်ရှုအခက်အခဲရှိခြင်း
ရင်ဘတ်အောင့်ခြင်း
ပင်ပန်းနွမ်းနဲခြင်း
ကိုယ်အလေးချိန်ကျခြင်း

အဆုတ်ကင်ဆာစစ်ဆေးခြင်း
Low-DoseCTScan ဟုခေါ်သောစစ်ဆေးမှုအသစ်ဖြင့်အသက် ၅၅ မှ ၇၅ နှစ်၊ တနှစ်ကိုဆေးလိပ်အကြုတ်၃၀ နီးပါးသောက်သောလူနာများစစ်ဆေးသင့်ပါသည်။အဆုတ်ကင်ဆာကိုစောစီးစွာစစ်ဆေးထားမှသာထိရောက်စွာကုသနိုင်ပါမည်။

✆ +66(0)81 984 5111



Related Posts