Health Article

အသည်း၊ပန်ကရိယ၊သည်းခြေလမ်းကြောင်းဆိုင်ရာပြဿနာများအတွက် ဝေ့ဌာနီ HPB clinic

Share:

ဝမ်းဗိုက်နာခြင်း၊အောင့်ခြင်းသည် ဂတ်စ် သို့ အစာမကြေခြင်း ကြောင့် ဖြစ်တတ်သော ပုံမှန်ဖြစ်ရိုးဖြစ်စဉ်တစ်ခုဖြစ်နိုင်ပါတယ်။ သို့သော်လည်း ရိုးရိုးနာခြင်းနှင့် စူးပြီးနာခြင်း၊ တင်း၍ နာခြင်း စသည့် နာကျင်ခြင်းတို့အပေါ် မူတည်၍ အစာအိမ်အနာ၊ သည်းခြေကျောက် နှင့် အသည်း ကင်ဆာတို့ အထိဖြစ်နိင်ပါသဖြင့် သင်အနေနှင့် တိကျစွာ အဖြေရှာလိုပါက ဝေ့ဌာနီဆေးရုံရှိ အထူးကုဆရာဝန်ကြီးများက စစ်ဆေးပေးပါလိမ့်မည်။ 

အနှစ်၂၀ကျော်ကြာနိုင်ငံတကာမှ လူနာများ ယုံကြည်အားထားရသော ဆေးရုံဖြစ်သည့် ဘန်ကောက်ရှိ ဝေ့ဌာနီဆေးရုံကြီးသည် အသည်း၊ပန်ကရိယ၊သည်းခြေလမ်းကြောင်းဆိုင်ရာ ဆေးခန်းကို အစာခြေလမ်းကြောင်းဆိုင်ရာ ပြဿနာများအတွက် အထူးလေ့ကျင့်သင်ကြားခဲ့သော အထူးကုဆရာဝန်ကြီးများက ရောဂါရှာဖွေခြင်း၊အထူးကုသခြင်း နှင့် ပတ်သက်သောဆွေးနွေး အကြံပေးမှုများဖြင့် အကောင်းဆုံးဝန်ဆောင်မှုပေးလျက် ရှိပါသည်။ 

Dr. Jade Suphapol အဖွဲ့ခေါင်းဆောင် တစ်ယောက်ဖြစ်ပြီး အဓိကအဖြစ်များသော အစာခြေလမ်းကြောင်း ရောဂါများကို အကြမ်းဖျင်းသိထားခြင်းအားဖြင့်  ရောဂါအခြေအနေပေါ်လိုက်၍ အသင့်တော်ဆုံးကုသမှုပေးခြင်းအပြင် ကျန်းမာသောနေထိုင်မှုပုံစံ ကိုရရှိအောင် အကြံပေးဆွေးနွေးနိုင်ပါတယ်။ 

နိုင်ငံပေါင်း ၄၀ မှ လူနာများအတွက် ကျန်းမာရေးခရီးသွားလာမှု အကောင်းဆုံးဆေးရုံတခု အပါဝင် ဖြစ်သည့် အပြင် ၅၀ မှ ၇၅ ရာခိုင်နှုန်းအထိ ဆေးရုံနှင့် ဆရာဝန် ခ သက်သာသော ဆေးရုံတစ်ရုံလဲ ဖြစ်သည်။ 

စက်ရုပ်အကူညီနှင့် အသည်းအစားထိုးကုသခြင်းနှင့် ပန်ကရိယသည်းခြေလမ်းကြောင်း ခွဲစိတ်မှု ဆိုင်ရာများကို ဂျပန်နှင့် အမေရိကန်နိုင်ငံတွင် လေ့လာခဲ့သော Dr. Jade  သည် ရောဂါတော်တော်များကို ကုသမှုပေးနိုင်သော်လည်း ကုသမှုပြီးနောက် လူနာ၏ ဘဝနေထိုင်မှုကို အနည်းနှင့်အများ သက်ရောက်မှုရှိကောင်းရှိနိုင်ပါသည်။ ဆရာဝန်ကြီးက အထိရောက်ဆုံးကုသမှု နှင့် လူနာ၏ နေ့စဉ်ဘဝတွင်ပါ အကောင်းဆုံးအကျိုးပြုနိုင်သော ပြုစုစောင့်ရှောက်မှုမျိုးရရန် ရည်ရွယ်ကြောင်းပြောကြားခဲ့ပါသည်။ 

အသည်း၊ပန်ကရိယ၊သည်းခြေလမ်းကြောင်းဆိုင်ရာပြဿနာများသည် ထိုင်းတွင် သာမက တစ်ကမ္ဘာလုံး၏ အဓိကကျန်းမာရေးဆိုင်ရာပြဿနာ တစ်ခုဖြစ်နေပါတယ်။ ဝေ့ဌာနီဆေးရုံကြီးကို လာရောက်တဲ့ လူနာ ၃၀၀ ၀၀၀ တွင် ၂၀ ရာခိုင်နှုန်းခန့်သည် ပန်ကရိယကင်ဆာ၊ အသည်းရောင်အသားဝါခြင်း၊ အရက်ကြောင့်ဖြစ်သောအသည်းရောဂါ၊ အသည်းခြောက်ခြင်း၊ သည်းခြေကျောက်၊ ပန်ကရိယရောင်ခြင်း၊ hepatoma နှင့် cholangiocarcinoma ကဲ့သို့သော ရောဂါများဖြစ်၍ ဆေးရုံလာကြပါသည်။ 

Dr. Jade သည် အသည်း၊ပန်ကရိယ၊သည်းခြေလမ်းကြောင်းဆိုင်ရာပြဿနာများနှင့် ပတ်သက်၍ ကျွန်ုပ်တို့ရဲ့ အရည်သွေး ပြည့်မှီသော အစာအိမ်အူလမ်းကြောင်းအထူးကု၊ ခွဲစိတ်ဆရာဝန်များ၊ ဓာတ်ရောင်ခြည်ပညာရှင်များ၊ မေ့ဆေးဆရာဝန်များ နှင့် ကျွမ်းကျင်သောသူနာပြုများ တို့ဖြင့် ဖွဲ့စည်းထားသော  အဖွဲ့သည် မည်သည့်အတွက်ကြောင့်ဖြင့် ဒုတိယနေရာသို့ မရောက်နိုင်ပါ ဟုလည်းပြောကြားခဲ့သည်။ 

ခွဲစိတ်ခြင်းလိုအပ်ခဲ့သည်ရှိသော်လည်း  နောက်ဆုံးပေါ်နည်းပညာများနှင့် အထောက်ကူပစ္စည်း အပြည့်စုံရှိသော endoscopic and laparoscopic surgery မှန်ပြောင်းဖြင့် ခွဲစိတ်ခြင်းတို့ဆောင်ရွက်ပြီးနောက် ခွဲစိတ်ပြီး ပြန်လည်နာလန်ထူနိုင်အောင် တစ်ဦးချင်းစီအလိုက် အကောင်းဆုံးဝန်ဆောင်မှု ပေးနေပါသည်။ 

For further information or to make an appointment, please contact:
Hepato-Pancreato-Biliary (HPB) Clinic
Gastroenterology and Hepatology Center, 2nd Floor
Vejthani Hospital 

Phone: +66 (0) 2734-0000 ext. 2960,2961,2966
Fax: +66 (0) 2734-0044-5

 


Related Posts