Health Article

ရင်သားကင်ဆာ – ရောဂါလက္ခဏာများ၊အန္တာရာယ် ရှိနိုင်သောအကြောင်းရင်းများ နှင့် စစ်ဆေးစမ်းသပ်ခြင်း

Share:

ရင်သားကင်ဆာသည် ရင်သားရှိ ဆဲလ်များ ထိန်းချုပ်နိုင်ခြင်းမရှိဘဲ ကြီးထွားလာခြင်းက နေ စပါတယ်။ ရင်သားနှင့် ဘေးပတ်လည်ရှိ တစ်ရှူးများဆီသို့  လျင်မြန်စွာ ပျံ့နှံ့သွားပြီး နောက် ပြန်ရည်ကြော နှင့် ခန္တာကိုယ် အစိတ်အပိုင်း၏ သွေးကြောများဆီသို့ ပြန့်နှံ့ ရောက်ရှိသွားခြင်းဖြစ်ပါတယ်။ 

ဘေးပတ်လည်ရှိ ၃၀ရာခိုင်နှုန်း သော ရင်သားကင်ဆာ သည် မျိုးရိုးလိုက်ခြင်းနှင့် ပုံမှန်မဟုတ်သော ဆဲလ်များပြန့်ပွားခြင်းသည် ရင်သားကင်ဆာကို ဖြစ်ပွားစေပါသည်။ အဆီပါဝင်မှုနှုန်း မြင့်မားသော အစားစာများသည် ကင်ဆာရောဂါကို ပိုမို လွယ်ကူစွာ ဖြစ်ပွားစေပါသည်။ 

အမျိုးသားကင်ဆာတက္ကသိုလ်၏ လေ့လာချက်များအရ ဆေးပညာဂျာနယ်တွင်- 

  • ဟော်မုန်းအစားထိုးကုသမှုခံယူထားသော အမျိုးသမီးများ။ 
  • အဝလွန်သောအမျိုးသမီးများသည်အဝမလွန်သောအမျိုးသမီးများထက် ရင်သားကင်ဆာ ဖြစ်နိုင်ချေ ၂ ဆထိမြင့်မားပါတယ်။ 
  • အသက် ၄၅ နှစ်မတိုင်ခင် သွေးဆုံးသော အမျိုးသမီးများ သည် နောက်ကျမှသွေးဆုံးသော အမျိုးသမီးများထက် ကင်ဆာ ဖြစ်နိုင်ခြေ ၂ဆ ပိုများပါတယ်။ 
  • ကလေးရှိသောအမျိုးသမီးများထက် ကလေးမရှိသော အမျိုးသမီးများသည် ၃၀မှ ၇၀ ရာခိုင်နှုန်းအထိ ဖြစ်နိုင်ချေများပါတယ်။အသက်၃၀ပြီးနောက်မှပထမကလေးမွေးခြင်းသည် ရင်သားကင်ဆာဖြစ်နိုင်ချေကိုများစေပါတယ်။ပထမကလေးကိုမွေးသောအသက်ငယ်လေလေ ကင်ဆာဖြစ်နိုင်ချေ လျော့လေး ဖြစ်ပါတယ်။ 
  • အမျိုးသမီးများ ရင်သားတစ်ရှူး သိပ်သည်းဆများသော အမျိုးသမီးများသည် ကင်ဆာဖြစ်နိုင်ချေ ပိုများပါတယ်။ မျိုးရိုးလိုက်၍ ရင်သား တစ်ရှူးသိပ်သည်းဆ ဖြစ်တည်ပါသည်။ 

အမျိုးသမီးများ အရွယ်ရောက်ပြီးတိုင်း အမျိုးသမီးများသည် အနဲဆုံး တစ်လတစ်ခါ မိမိဘာသာ ရင်သားစစ်ဆေးမှုပြုလုပ်သင့်ပါတယ်။ နောက်ဆုံးရာသီလာပြီ ရင်သားများ တင်းရင်းနေခြင်းမရှိသော ၇-၁၀ ရက်တွင် စစ်ဆေးခြင်းသည် အကောင်းဆုံးဖြစ်သည်။ သွေးဆုံးပြီးသောအမျိုးသမီးများ အနေဖြင့် လတိုင်း၏တူညီသော ရက်များတွင် စမ်းသပ်သင့်ပါသည်။ အသက် ၅၀ အောက် သားအိမ်ထုတ်ထားသော အမျိုးသမီးများသည် လည်း ရင်သားတင်းရင်းခြင်းမရှိသည့် အချိန်တွင်စစ်ဆေးသင့်ပါသည်။ 

ရင်သားဓာတ်မှန် 

ရင်သားဓာတ်မှန်ရိုက်ခြင်း သည် အထူးပုံရိပ် ဖော်စက် ဖြင့် စောစီးစွာ ရင်သားကင်ဆာကိုရှာဖွေ ခြင်းဖြစ်သည်။ အကြိတ်၊ အနာ နှင့် အရေပြား ချိုင့်ခြင်း နှင့် နို့သီးခေါင်း မှ အရည်ထွက်ခြင်းတို့ ဖြစ်ဖူး သော အမျိုးသမီးများတွင်လည်း ရင်သားကင်ဆာလက္ခဏာ ရှာဖွေရန်အတွက် ရင်သားဓာတ်မှန်ရိုက်ခြင်းကို ပြုလုပ်ပါသည်။ ဓာတ်မှန်အထူးကု ဆရာဝန်သည် ပုံမှန်မဟုတ်သော ရင်သားအခြေနေ ကိုကြည့်ပါသည်။ သံသယရှိသော နေရာကို ကြည့်ရှုနိုင်ရန် ပုံမှန် ထက် လေးဆ ကြီးသော ပုံမှန် ကိုကြည့်၍ ရောဂါ စစ်တမ်းထုတ်နိုင်ပါတယ်။ 

ရင်သားဓာတ်မှန်ရိုက်ခြင်း ဒီဂျီတယ် ဓာတ်မှန်ရိုက်ခြင်း သည် ရိုးရိုးရင်သား ဓာတ်မှန်ရိုက်ခြင်းနှင့် မတူဘဲ ကွန်ပျူတာ ဖြင့် ပိုမို ရှင်းလင်း ပြတ်သားစွာ ဓာတ်မှန်အထူးကု ဆရာဝန်က စစ်ဆေး စိစစ်နိုင်ပါသည်။ 

ဒီဂျီတယ် ဓာတ်မှန်ရိုက်ခြင်း ၏ အကျိုးကျေးဇူးများ  

  • ဒီဂျီတယ် ဓာတ်မှန်ရိုက်ခြင်း ဖြင့် အီလက်ထရောနစ် screen များတွင် မြင်နိုင်ခြင်း။ 
  • ဒီဂျီတယ် ဓာတ်မှန်ရိုက်ခြင်းသည် ကြည်လင်ပြတ်သားသော ပုံရိပ်ဖော်ခြင်းဖြင့် ကင်ဆာ လက္ခဏာများကို စောစီးစွာ သိနိုင်ခြင်း။ 
  • ဒီဂျီတယ် ဓာတ်မှန်ရိုက်ခြင်းသည် ရိုးရိုးရင်သားဓာတ်မှန် ထက် ၃၀ မှ ၆၀ ရာခိုင်နှုန်း ဓာတ်ရောင်ခြည် သင့်ရောက်မှုနည်းခြင်း။ 
  • ဓာတ်ရောင်ခြည်ဖလင်ကဲ့သို့ စောင့်စရာမလို၍ အချိန်ကုန်သက်သာခြင်း။ 
  • ဒီဂျီတယ် ဓာတ်မှန်ရိုက်ပြီးနောက် ပုံများကို လိုသလို အလင်း၊အမှောင် နှင့် ကာလာဆန့်ကျင်ဘက်ကို ချိန်ညိုနိုင်ခြင်း။ 
  • ဓာတ်ရောင်ခြည် ထိတွေ့မှု နည်းခြင်း၊များခြင်း တို့ကြောင့် လူနာ အနေဖြင့် ဓာတ်မှန်ထပ်ရိုက်စရာမလိုခြင်း။ 
  • ရင်သားတစ်ရှုးများအတွက် တိကျ၍ ရှင်းလင်းသောပုံရိပ်ကို ပေးခြင်း။  
  • ဒီဂျီတယ် ဓာတ်မှန်သည် နာကျင်မှုမရှိ၊ဘေးကင်း၍ ရင်သားတစ်ခုစီ၏ ပုံရိပ်တော်တော်များများကို ဖလင်ကဲ့သို့မဟုတ်ဘဲ ရိုက်ယူနိုင်ပါတယ်။ 
  • ဓာတ်ရောက်ခြည်အထူးကုက ပြန်ကြည့်လိုပါက ပုံရိပ်များကို ချက်ချင်း ရနိုင်ခြင်း။  

ကင်ဆာကို စောစီးစွာစစ်ဆေးတွေ့ရှိပါက ကုသနိုင်ချေ များလေဖြစ်ပါတယ်။ ဒီဂျီတယ် ရင်သားဓာတ်မှန်သည် လူတယောက်နှင့်တယောက်ရိုက်ရသည့် အချိန်ကာလ မတူနိုင်ပေ။ အသက် ၄၀ ကျော် အမျိုးသမီးများအနေဖြင့် ပုံမှန်အားဖြင့် တစ်နှစ်တစ်ကြိမ် ရိုက်သင့်ပါတယ်။ 

BREAST ULTRASOUND 

Breast Ultrasound သည် အသံနှုန်းဖြင့် ရင်သား ပုံရိပ်ကို ရယူ၍ screen ပေါ်တွင် ကြည့်ရှုခြင်းဖြစ်သည်။ ထိုစစ်ဆေးခြင်းသည် ရင်သားတစ်ရှူး များ၏ သွေးစီးဆင်းမှုနှင့် ရင်သားအတွင်းပိုင်းကို mammography နှင့်တွဲ၍ ပြုလုပ်လေ့ရှိပါသည်။ 

ULTRASOUND ELASTOGRAPHY 

Ultrasound elastography သည် ထိရောက်သော စမ်းသပ်စစ်ဆေးခြင်းကို ရယူနိုင်ရန်အတွက် တစ်ရှူးကျုံနိုင်၊ဆန့်နိုင်မှုများကို ပုံရိပ်များမှ တစ်ဆင့် ရယူသောနည်းဖြစ်ပါတယ်။ ထိုနည်းလမ်းများသည် တိကျ၍ ထိရောက်သော ရောဂါရှာဖွေမှုများအတွက် များစွာ အထောက်ကူပြုနိုင်ကြောင့် သိရှိခဲ့ ပြီ ဖြစ်ပါတယ်။ 

 


Related Posts