News and updates

ကမ္ဘာလုံးဆိုင်ရာ ကျန်းမာရေးစောင့်ရှောက်မှုအသိအမှတ်ပြုလက်မှတ် (GHA) မှပေးသော ကျန်းမာရေးခရီးသွားလာမှုဆိုင်ရာ အကောင်းဆုံးလက်မှတ်ရရှိခဲ့သော ဝေ့ဌာနီဆေးရုံကြီး

Share:

ကမ္ဘာလုံးဆိုင်ရာ အဆင့်မီ ကျန်းမာရေးစောင့်ရှောက်မှုအသိအမှတ်ပြုလက်မှတ် ‘Global Healthcare Accreditation (GHA) with Excellence’ အား ပရိုဂရမ်၏ အရေးပါသော အပိုင်း ၁၀ ခု (overall score of 100% against GHA Program’s 10 Critical Success Factors (CSFs) တွင် ၁၀၀ ရာခိုင်နှုန်း ရရှိကာ ထူးထူးချွန်ချွန် အောင်မြင်လက်ခံရရှိခဲ့သည်။

ထိုပရိုဂရမ်သည် အမေရိကန်နိုင်ငံအခြေစိုက် ဖြစ်ပြီး ကျန်းမာရေးခရီးသွားလာမှုဆိုင်ရာ အဆင့်မြင့် ဝန်ဆောင်မှုပေးနိုင်သောဆေးရုံများကို ပေးအပ်ခြင်းဖြစ်ပါတယ်။ ကမ္ဘာလုံးဆိုင်ရာ အဆင့်မီ ကျန်းမာရေးစောင့်ရှောက်မှုအသိအမှတ်ပြုလက်မှတ် (GHA) သည် ဝေ့ဌာနီဆေးရုံကဲ့သို့ ကျန်းမာရေးခရီးသွားလာမှု ကို အရည်သွေးမြင့်မားသော ကျန်းမာရေးဝန်ဆောင်မှု၊ လူနာများအတွက်ကောင်းမွန်သော ရလဒ် အတွေ့အကြုံ စဉ်ဆက်မပြတ်တိုးတက်ကောင်းမွန်စွာ ကြံဆောင်နိုင်မှုတို့အပေါ်တွင် မူတည်၍ ပေးအပ်ပါသည်။

ဝေ့ဌာနီဆေးရုံ၏ အမှုဆောင်ချုပ် CEO Dr Charkrit Soucksakit ကလည်း နိုင်ငံတကာ ဆေးရုံအနေဖြင့် ကျွန်ုပ်တို့သည် နိုင်ငံတကာအဆင့်မီ ကောင်းမွန်သာလွန်သောပြုစုစောင့်ရှောက်မှု၊ အဆင့်တန်းမြင့်မားသော ဝန်ဆောင်မှုများကို အလေးနက်ထားဆောင်ရွက်ပါတယ်။ Joint Commission International (JCI) အသိအမှတ်ပြုလက်မှတ်နှင့် Clinical Care Programs လက်မှတ် ကိုလည်း နယ်ပယ် ၅ရပ်တွင် လက်ခံရရှိပြီးပါပြီ။ မကြာသေးခင်ကမှ “Accreditation with Excellence” by Global Healthcare Accreditation, ကျန်းမာရေးစောင့်ရှောက်မှုအသိအမှတ်ပြုလက်မှတ် (GHA) ကိုထပ်မံရရှိခဲ့ပါတယ်။ ထိုဆုသည် ကျန်းမာရေးခရီးသွားလာမှု ကို အရည်သွေးမြင့်မားသော ကျန်းမာရေးဝန်ဆောင်မှုနှင့် ပေါင်းစပ်၍ ဦးစားပေးလုပ်ဆောင်နိုင်မှုနှင့် အလေးထားဆောင်ရွက်မှု၏ ပြယုဂ် တခုဖြစ်ပါတယ်။

၁၉၉၄ ခုနှစ်တွင်တည်ထောင်ခဲ့သော ဝေ့ဌာနီဆေးရုံသည် အဆင့်မြင့် ကုသမှုအပိုင်းများကိုပေးနိုင်သော လူနာပေါင်း သိန်းကျော် နိုင်ငံပေါင်း ၁၀၀ မှ အတွင်းလူနာပေါင်း ၂၆၃ နှင့်အပြင် နိုင်ငံတကာလက်မှတ်ရရှိထားသောအထူးကုဆရာဝန်ပေါင်း ၃၀၀ နှင့် ဖွဲ့စည်းထားသော ထိပ်တန်းပုဂ္ဂလိက ဆေးရုံ ဖြစ်ပါတယ်။ ဝေ့ဌာနီဆေးရုံသည် အာရပ်နိုင်ငံမှ ခရီးသွားများနှင့် အရှေ့တောင်အာရှ ရှိ နိုင်ငံတကာခရီးသွားလာသူများအတွက် ကျန်းမာရေးကုသမှုခံယူခြင်းခံယူရာနေရာတခုဖြစ်ပါတယ်။ လာရောက်ကြသော နိုင်ငံတကာလူနာ အများစုသည် ဒူးခေါင်းအစားထိုးခွဲစိတ်မှု၊ ကြောရိုးဆိုင်ရာခွဲစိတ်ကုသမှု၊ ကင်ဆာရောဂါကုသမှု၊ ပလစ်စတစ် ဆာဂျရီ နှင့် မျိုးပွားမှုဆိုင်ရာပြဿနာများအတွက် လာရောက်ကုသမှုခံယူကြတယ်။

ဝေ့ဌာနီဆေးရုံကြီးသည် လူနာများအတွက် အမြင့်မားဆုံးအရည်သွေးနှင့် ဘေးကင်းစိတ်ချရမှု ကိုအလေးထားဆောင်ရွက်သောဆေးရုံလဲဖြစ်သည်။အဆင့်မြင့်သောဆေးပညာဆိုင်ရာနည်းလမ်းများအပြင်ထိုင်းပုံစံဖြင့်အဆင့်မြင့်ဝန်ဆောင်မှုများသာမကလူနာများအတွက်စောင့်ရှောက်ကုသမှု၊လူနာများကိုအားပေးထောက်ပံမှု၊ဘေးကင်းစိတ်ချရမှုအတွက် နိုင်ငံတကာစံညွှန်းများအတိုင်း လိုက်နာကျင့်သုံးထားပါတယ်။

ဝေ့ဌာနီဆေးရုံကြီးသည် တိုးတက်လာသော ကျန်းမာရေးခရီးသွားများအတွက် V-Flight ဟုခေါ်သော အရေးပေါ်လူနာတင်လေယာဉ် ဝန်ဆောင်မှု၊ လေဆိပ်ရှိ ဆေးရုံကောင်တာ၊ ဘာသာစကားပြန်ဆိုသူများ၊ အီးမေလ် ပြန်ခြင်း၊ နိုင်ငံတကာ ကျန်းမာရေးအာမခံများ၊ တည်းခိုရိပ်သာ၊ မြေပြင်ရှိ သယ်ယူပို့ဆောင်ရေး၊ ဗီဇာ ကူညီပေးရေး၊ သံရုံးဝန်ဆောင်မှု၊ ၂၄ နာရီဟော့လိုင်း၊ နိုင်ငံတကာ စားသောက်ဆိုင်များ ကို ပါ လူနာများအတွက် တစ်နေရာတည်းတွင် ပြည့်စုံအောင်စီစဉ်ပေးထားပါတယ်။

စီစဉ်ပေးထားလူနာများအတွက် နိုင်ငံတကာ လူနာများအတွက် ကောင်တာနှင့် အာရပ် ဝန်ဆောင်မှုကောင်တာများသည် တနေရာတည်းတွင် ဘာသာစကား ၂၀ ကို လူနာပြန်ဆိုပေးနိင်ပါတယ်။ ဝန်ဆောင်မှုပေးရေးအဖွဲ့သည် ရက်ချိန်းကြိုတင်ယူပေးခြင်း၊ လေဆိပ်ကြိုပို့လုပ်ပေးခြင်း၊ ကြိုတင်တည်းခိုရိပ်သာ ဘွတ်ကင်လုပ်ပေးခြင်း၊ ဗီဇာသက်တမ်းတိုးခြင်း၊တို့အပြင် တစ်ဦးချင်းစီအလိုက် လိုအပ်မှုများကိုဝန်ဆောင်မှုပေးနေပါတယ်။

ကမ္ဘာ့အဆင့်မီကျန်းမာရေးပြုစုစောင့်ရှောက်မှုနှင့်အတူ ခရီးသွားလာလည်ပတ်နိုင်ခြင်းအပြင် ခွဲစိတ်ကုသမှု (သို့) ကျန်းမာရေးကုသမှု စသောကျန်းမာရေးလိုအပ်ချက်များအတွက်ပါ စိတ်အေးရအောင် ဝေ့ဌာနီဆေးရုံကြီးရှိ ဘာသာပြန်အဖွဲ့များ၊ အထူးကုဆရာဝန်များ နှင် ဝန်ထမ်း များ၏အကောင်းဆုံးဝန်ဆောင်မှုကို ခံယူလိုက်ပါ။


GHA’s Press Release: https://www.prnewswire.com/news-releases/accreditation-in-medical-travel-becoming-a-key-differentiator-for-healthcare-providers-300638366.html


Related Posts