Uncategorized

အသက်ရွယ်ကြီးသူများတွင်ဖြစ်တတ်သောစိတ်ကျခြင်း

Share:

အရင်ကကိုယ်ကြိုက်တာလုပ်နေရတာကိုစိတ်ချမ်းသာနေရင်းကနေ စိတ်ဝင်စားမှုများ ဆုံးရှုံးသွားပြီလား? ကူညီမှုကင်းမဲ့ခြင်းနှင့်မျှော်လင့်ခြင်းကင်းမဲ့မှုတို့ခံစားနေရလား ? နေ့တစ်နေ့ကို ဖြတ်သန်းဖို့ရန် စိတ်ပျက်နေမိပြီလား?

အဖြေရှာရင်တော့ရှိပါတယ်

ဘယ်လိုဖြစ်နိုင်လဲ? ဘယ်လိုမျိုးကာကွယ်လို့ရနိုင်မလဲ?

သင့်အသက် ၆၀ သို့ဝင်သွားပြီဆိုလျှင်သင်ရဲ့ ခန္တာကိုယ်နှင့် ကျန်းမာရေးအခြေနေသည် အကျဘက်သို့ရောက်လာခဲ့ပြီး၊ ကြွက်သားများ၊ ဦးနှောက်နှင့် အာရုံကြောတို့သာမက စိတ်ခံစားမှုများသည်လဲ လှုပ်ဆောင်နိုင်စွမ်း ကျဆင်းလာပါတယ်။
စိတ်ကျခြင်းသည် ဦးနှောက်ပုံမှန်ဖြစ်စဉ် ပြောင်းလဲမှုတို့ကြောင့်မကျန်းမာခြင်းကိုဖြစ်စေပါသည်။ သုတေသနများအရ အခြားသောအကြောင်းရာများဖြစ်တဲ့ မျိုးရိုးလိုက်ခြင်း၊ ဟော်မုန်းပြောင်းလဲခြင်း၊ ဆေးဝါးများ၊ စိတ်ဖိစီးမှုများ၊ဝမ်းနည်းပူဆွေးခြင်း နှင့် ကြမ်းတမ်းသော ဘဝအခက်ခဲများကြောင့် လဲဖြစ်နိုင်ပါတယ်။
အချို့ဆေးဝါးများသည် အသက်ရွယ်ကြီးသူများတွင် စိတ်ကျခြင်းကိုဖြစ်စေတတ်ပါတယ်။
မျိုးရိုးလိုက်ခြင်းသာမက မကျန်းမာခြင်းအပေါ် စိတ်ပိုင်းဆိုင်ရာတုန့်ပြန်မှု ကြာရှည်စွဲသောက်ရသောဆေးဝါးများ၊ အနာသက်သာဆေးများ၊ မသန်စွမ်းခြင်းနှင့် သူတစ်ပါးအပေါ်မှီခိုနေရခြင်း အခြေနေတို့တွင် စိတ်ကျခြင်းဆိုင်ရာလက္ခဏာများပိုမိုဆိုးရွားတတ်ပါတယ်…..

  • Vitamin B12 deficiency
  • Vitamin B12 ချို့တဲ့ခြင်း
  • Thyroid Disorders
  • သိုက်ရွိက်ပုံမှန်မဟုတ်ခြင်း
  • Alzheimer’s Disease
  • Alzheimer’s ရောဂါ
  • Lupus
  • Multiple Sclerosis
  • Parkinson’s disease
  • လဖြတ်ခြင်း
  • နှလုံးရောဂါ
  • ကင်ဆာ
  • ဆီးချိုသွေးချို

စိတ်ကျခြင်းကိုဆိုးရွားစေသော ဆေးဝါးများ

အိပ်ပျော်ဆေးများ
Ulcer Medication
Steroids
သွေးကျဆေးများ
Estrogens
Painkillers and Arthritis Drugs

အသက်ရွယ်ကြီးသူများတွင်ဖြစ်တတ်သော စိတ်ကျခြင်းကို ဘယ်လိုကိုင်တွယ်မလဲ ?

  1. အသက်ရွယ်ကြီးသူများကို မပြစ်ပယ်ထားသင့်ပါ
  2.  နေရာပေးမှုများနှင့်စိတ်ပိုင်းဆိုင်ရာအားပေးမှုများပြုလုပ်ပါ
  3. ကျန်းမာသောအလေ့ကျင့်များ
  4.  ဖြစ်စဉ်ကို သေချာသိနိုင်ရန် တတ်ကျွမ်းသူများနှင့် ဆွေးနွေးပါ

သို့သော်လဲ မိသားစုနှင့်ဆွေမျိုးများမှ ချစ်ခင်ပြုစုစောင့်ရှောက်မှု နှင့် နေရာပေးမှု၊ဂရုစိုက်မှု တို့အပေါ်မူတည်၍ စိတ်ကျခြင်းကို လျှော့ချနိုင်ပါသည်။

အသက်ရွယ်ကြီးသူများတွင်ဖြစ်တတ်သောစိတ်ကျခြင်း

  • Readers Rating
  • Rated 5 stars
    5 / 5 (1 )
  • Your Rating



Related Posts