ဝေ့ဌာနီဆေးရုံ​၏လေဆိပ်ကြိုပို့ဝန်ဆောင်မှု(သုဝဏဘူမိလေဆိပ်)


သုဝဏဘူမိလေဆိပ်​၏ဆိုက်ရောက်ပရဝုဏ်(Arrival Hall) တွင်ဝေ့ဌာနီဆေးရုံ​၏ဝန်ဆောင်မှုရုံးခန်းရှိပါသည်။ ရုံးခန်းတည်နေရာမှာဆိုက်ရောက်ပရဝုဏ်ဂိတ်ပေါက်(၁၀) အနီးတွင်ဖြစ်ပါသည်။ ထိုရုံးခန်းမှဝေ့ဌာနီဆေးရုံ​၏လူနာနှင့်မိသားစုဝင်များအဆင်ပြေစေရန်အတွက်လေဆိပ်မှဆေးရုံသို့အခမဲ့ကြိုပို့ကား(Shuttle Bus)ဝန်ဆောင်မှုပေးပါသည်။ မြန်မာနိုင်ငံမှလူနာများအနေဖြင့်ဘန်ကောက်မြို့သုဝဏဘူမိလေဆိပ်သို့ရောက်ရှိလျှင်ဝေ့ဌာနီဆေးရုံ​၏လေဆိပ်ဝန်ဆောင်မှုရုံးခန်းသို့သွားရောက်ဆက်သွယ်ပြီးအခမဲ့လေဆိပ်ကြိုပို့ကားဖြင့်ဆေးရုံသို့တိုက်ရိုက်စီးနင်းနိုင်ပါသည်။

ရုံးခန်းတည်နေရာ။ ။ သုဝဏဘူမိလေဆိပ်(ဆိုက်ရောက်ပရဝုဏ်)ဂိတ်ပေါက်(၁၀)အနီး

ရုံးခန်းဖွင့်ချိန်။ ။ မနက်6:30 မှ ည10:30 အထိ(ဘန်ကောက်စံတော်ချိန်)

ဆက်သွယ်ရန်ဖုန်း။ ။ +662 134 6022